လွိုင်ကော် ဖေဖော်ဝါရီ ၃
ယခင်ကောက်ယူထားသည့် eID အိမ်ထောင်စုလူဦးရေစာရင်းအား လက်ရှိအခြေအနေ ကိုက်ညီမှန်ကန်ရေး မြေပြင်နှင့်တိုက်ဆိုင်စစ်ဆေးခြင်းနှင့် အိမ်ထောင်စုအလွတ်ဖြင့် ကောက်ယူခြင်း သင်တန်းပို့ချခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ လွိုင်ကော်မြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများဖွဲ့စည်းပြီး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များ ဖွဲ့စည်းခဲ့ကြောင်း၊ ယခုသင်တန်းသည် မြေပြင်၌ တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရာတွင် လုပ်ငန်းများ အဆင်ပြေစေရေးအတွက် ရှင်းလင်းဆွေးနွေး ပို့ချမည့်သင်တန်းဖြစ်ကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးက မြေပြင်ကွင်းဆင်းကောက်ယူရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်(၃)ရပ်များ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ လက်ထောက်ညွှန်ကြားရေးမှူးက အိမ်ထောင်စု အမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းများ စိစစ်အတည်ပြုနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသီးသီးဆွေးနွေးပို့ချခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ပြည်နယ်ဦးစီးမှူးတို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ကိုဇင်(ပြန်/ဆက်)