ဥတ္တရသီရိ ဖေဖော်ဝါရီ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာ၊ မဏိဇောတိကကျွဲရှင်း ကျောင်းတိုက်တွင် ကျင်းပရာ ဦးဆောင်ကွပ်ကဲရေးအဖွဲ့ဖြစ်သော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များ၊ မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များ၊ နေပြည်တော် သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ ခရိုင်သာသနာရေးမှူး ဦးနိုင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ မြို့နယ်သာသနာရေးမှူး ဒေါ်သွယ်သွယ်ခိုင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးတွင် ကြီးကြပ်ရေးအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်က အခမ်းအနားမှူး ဆရာတော်အဖြစ်ဆောင်ရွက်၍ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အစည်းအဝေးစတင်ကာ သဘာပတိဆရာတော်က ဩဝါဒကထာ မြွက်ကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့သည်။
ထို့နောက် အခမ်းအနားမှူးဆရာတော်က အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသွားသော ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို ဖတ်ကြားကြေညာခဲ့သည်။ ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဖြစ် ဘဒ္ဒန္တတေဇောဘာသ (ရာဇဓာနီ သာမဏေ ကျော်ကျောင်းတိုက်)၊ အကျိုးတော်ဆောင်ဆရာတော်အဖြစ် ဘဒ္ဒန္တကုဏ္ဍလ (အောင်သစ္စာ(လဲဝန်း) ကျောင်းတိုက်)၊ အဖွဲ့ဝင်ဆရာတော်များအဖြစ် ဘဘဒ္ဒန္တပညာသာမိ (ဘုရားလေးဆူ(မရမ်းခုံ) ကျောင်းတိုက်)၊ ဒေါက်တာဘဒ္ဒန္တဩဘာသ (ရွှေဝါဝင်းကျောင်းတိုက်)၊ ဘဒ္ဒန္တနန္ဒသာရ (ဓမ္မရိပ်သာကျောင်းတိုက်) တို့အား အတည်ပြုရွေးချယ်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ဩဝါဒါစရိယဆရာတော်များအဖြစ် ဘဒ္ဒန္တသောဘဏ(မသိမ်ကျောင်းသစ် ကျောင်းတိုက်)၊ ဘဒ္ဒန္တသူရိယ(သစ္စမဏ္ဍိုင်ကျောင်းတိုက်)၊ ဘဒ္ဒန္တပဒုမ (မဏိဇောတိကကျွဲရှင်း ကျောင်းတိုက်)တို့ကို ရွေးချယ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော် တိုင်းသံဃာ့ဝန်ဆောင်ဆရာတော်များအဖြစ် ဘဒ္ဒန္တကုဏ္ဍလ (အောင်သစ္စာ(လဲဝန်း)ကျောင်းတိုက်)နှင့် ဘဒ္ဒန္တတေဇောဘာသ (ရာဇဓာနီသာမဏေကျော် ကျောင်းတိုက်) ဆရာတော်တို့အား ရွေးချယ်၍ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသည့် ဆရာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များမှ နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)