ဖျာပုံ ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် အခြေခံပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပသော မြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အ.ထ.က(၁) ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက မြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် စဉ်ဆက်ပညာရေး လုပ်ငန်းသင်ကြားရခြင်းမှာ စာဖတ်တတ်သူအဆင့်ကို ထိန်းသိမ်းထားရန်၊ စာဖတ်ရှိန်နှင့် စာဖတ်စွမ်းရည် တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားလာစေရန် စာဖတ်ဝါသနာတိုးပွားလာစေရန်နှင့် အသိပညာဖွံ့ဖြိုးပြီး အတွေးအခေါ်များ တိုးတက်ပြောင်းလဲလာစေရန်ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်ပြီး စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျောင်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဥ်၊ သဘာဝသာယာရေးအစီအစဥ်(၁)၊ သဘာဝသာယာရေးအစီအစဥ်(၂)၊ ဝင်ငွေတိုးပွားရေးအစီအစဥ်(၁)၊ ဝင်ငွေတိုးပွားရေးအစီအစဥ်(၂)နှင့် အခြားသိမှတ်ဖွယ်ရာများအား (၃-၂-၂၀၂၅)ရက်နေ့မှ (၅-၂-၂၀၂၅)ရက်နေ့ထိ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စဉ်ဆက်ပညာရေးလုပ်ငန်း ဗီဒီယိုအား Projector ဖြင့် ပြသသည်။ အဆိုပါ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းသို့ ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာများ တက်ရောက်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)