ဇလွန် ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်ဆုံးရှုံးမှု လျော့နည်းစေရန်ရည်ရွယ်ပြီး ယမန်နေ့နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်းများတွင် မီးဘေးလုံခြုံရေး အသိပညာပေး စစ်ဆေးခဲ့ကြသည်။
ထိုသို့ အခြေခံပညာအထက်တန်းကျောင်းများတွင် မီးဘေးလုံခြုံရေး အသိပညာပေး စစ်ဆေးရာတွင် ဇလွန်မြို့နယ်မီးသတ်ဦးစီးဌာန ဒု - မီးသတ်ဦးစီးမှူး ဦးချစ်လွင်ထွေးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူပေါင်းအဖွဲ့များမှ အခြေခံပညာအထက်တန်းကျောင်းများရှိ ဆရာ၊ ဆရာမကြီးများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများအား စာသင်ကျောင်းတွင် မီးချိတ် ၊ မီးကပ် ၊ ရေပုံး ၊ သဲပုံးများ စနစ်တကျထားရှိရေး၊ မီးသတ်ဆေးဘူးများ စနစ်တကျ လက်တွေ့ကိုင်တွယ်အသုံးပြုတတ်စေရေး၊ ရေကန်နှင့်ရေစင်များအား ရေအပြည့်ဖြည့်တင်းထားရှိရေး၊ အမှိုက်များ စွန့်ပစ်မီးရှို့ပါက မြေကျင်းတူး၍ လူစောင့်ဖြင့်မီးရှို့ရန် စစ်ဆေးသတိပေးဆောင်ရွက်ခြင်းနှင့် မီးပေါ့ဆမှုမရှိစေရန် အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)