မိုးနဲ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ယမန်နေ့ညနေ ပိုင်းအချိန်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အမျိုးသမီး တစ်ဦးတွေ့ရှိရကြောင်းသိရှိရသည်။
အဆိုပါအမျိုးသမီးသည် အတူလိုက်ပါလာသူ(၈) ဦးနှင့်အတူ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးမှ တောင်ကြီးမြို့၊ တောင်ကြီးမြို့မှတစ်ဆင့် စင်းလုံးငှားယာဉ်ဖြင့် မိုးနဲမြို့သို့ ရောက်ရှိလာပြီး အ.ထ.က (မိုးနဲ) Community Based Facility Quarantine Center တွင်ထားရှိကာ သုံးရက်မြောက်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ၎င်းတို့၏ နှာခေါင်း /အာခေါင် တို့ဖတ် နမူနားများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇင်မီဟန် ဦးစီးအဖွဲ့မှ COVID-19 Antigen Test Kit ဖြင့်စစ်ဆေးခဲ့ရာ (Negative) ပိုးမတွေ့ရှိ၍ ၁၁ ရက်မြောက်နေ့ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေး ဆိုင်ရာဓာတ်ခွဲခန်းသို့ ၎င်းတို့၏ နှာခေါင်း/ အာခေါင် တို့ဖတ်တို့ကို ထပ်မံပေးပို့စစ်ဆေးရာ ယနေ့တွင် အမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ရောဂါ ( positive) ပိုးတွေ့ရှိကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်အတည်ပြုလူနာအားမိုးနဲမြို့နယ် ပြည်သူ့ဆေးရုံ Isolation Ward သို့ ပြောင်းရွေ့ထားရှိပြီး ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မိုးနဲမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီထံမှ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)