ဟင်္သာတ ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ်၊ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်ဥက္ကဋ္ဌမှ သင်တန်းအတွက် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများကို ပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ မြို့နယ်ပညာရေးမှူး ဦးထင်အောင်ကျော်နှင့် ပညာရေးဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး သင်တန်းတွင် စဉ်ဆက်ပညာရေးအကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားရေး၊ ဘဝမြှင့်တင်မှုနှင့် ချိတ်ဆက်ရန်နည်းလမ်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်များ စသည့်ဘာသာရပ်များအား ဖေဖော်ဝါရီ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)