မြစ်သား ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံ ဆီကုန်သည်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာ စားသုံးနိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြီးကြပ်၍ စားအုန်းဆီ (၁) ပိဿာလျှင် (၈၃၇၅/-) ကျပ်နှုန်းဖြင့် ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာ ကုန်ဆုံဆိုင်ရှေ့တွင် ယမန်နေ့မွန်းလွဲ (၁၂) မှညနေ (၃) နာရီအချိန်ထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မြစ်သားမြို့ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာကုန်ဆုံဆိုင်ရှေ့တွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ ဖြစ်ကြသော အဖွဲ့ဝင် ဒေါ်ဇာဇာ၊ ဦးအောင်ဆန်းဝင်း (အောင်ကမ္ဘာဆီစက်၊ကူမဲမြို့)၊ ဦးဇော်လင်းနောင် (ငွေကလပ်ဆီဆိုင်၊ ကူမဲမြို့) စသည့် (၃)ဦးတို့သည် ၁ပိဿာလျှင် (၈၃၇၅/-) ကျပ်နှုန်းဖြင့် မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား တစ်ဦးလျှင် ဆီ(၂) ပိဿာ ရရှိပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ (၄၅) ဌာနတို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၁၁၀၃)ဦးတို့အား ဆီပိဿာချိန်(၂၂၀၆)ပိဿာအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)