ပလောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ပြုလုပ်

ပလောက် ဖေဖော်ဝါရီ ၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသား/ကျောင်းသူလူငယ်များ ပြည်ထောင်စုစိတ်ဓာတ်၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်များရှိစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ တိုးပွားစေရန်နှင့် လူငယ်များကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလနှင့် မိတ္တဗလဖွံ့ဖြိုးရေးအကြောင်း အသိပညာပေး ဟောပြော၍ တက်ရောက်လာကြသော အခြေခံပညာအထက်တန်းကျောင်း(ပလောက်)မှ ကျောင်းသား/ကျောင်းသူလေးများက နံရံကပ်စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲများအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ပြည်သူ့စာကြည့်တိုက်ရှိ မိမိကြိုက်နှစ်သက်ရာ စာအုပ်စာစောင်များအား ငှားရမ်းခဲ့ကြကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)