သာစည်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

သာစည် ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို ဖေဖော်ဝါရီ ၃ ရက်က မြို့ပေါ်ရပ်ကွက်နှစ်ခုနှင့်ကျေးရွာသုံးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သာစည်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြတ်သူရထံက သိရသည်။

ထိုသို့ကောက်ယူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သာစည်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သာစည်မြို့ အမှတ် (၁) ချမ်းသာကြီးရပ်၊ အမှတ် (၄) ရပ်ကွက်၊ ယင်းမာပင်ကျေးရွာအုပ်စု မြို့မရပ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု ဘုရားငါးဆူ(တ)နှင့်လှိုင်းတက်ကျေးရွာအုပ်စု မယ်ဇလီကန်ကျေးရွာတို့၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မှန်ကန်မှုရှိစေရေးအတွက် အိမ်ထောင်စုဇယားကို အခြေခံပြီး ကောက်ယူခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)