မအူပင် ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်၌ Grade 12 အောင်ချက်မြင့်မားရေး ဘာသာရပ်အလိုက်ဟောပြောပွဲအား ယမန်နေ့နံနက် ၉ နာရီက မအူပင်တက္ကသိုလ်ရှိဘွဲ့နှင်းသဘင်ခန်းမ၌ သိပ္ပံတွဲနှင့် ဝိပ္ပံတွဲဘာသာရပ်များအားလည်းကောင်း၊ မအူပင်တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ဝိဇ္ဇာတွဲဘာသာရပ်များအားလည်းကောင်း ဟောပြောပွဲကျင်းပပြုလုပ်သည်။
ဟောပြောပွဲအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ လမ်းညွှန်ချက်ဖြင့် မအူပင်တက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာနီနီဦး၊ ခရိုင်ပညာရေးမှူး ဒေါက်ဝာာသန္တာဆွေနှင့် မြို့နယ်ပညာရေးမှူးဒေါ်စန်းယုမော်တို့ပူပေါင်း၍ မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade 12 ကျောင်းသား၊ ကျောင်းသူ (၁၇၁၂) ဦးအား ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက ဆရာကြီး၊ ဆရာမကြီးများမှ ဘာသာရပ်အလိုက်ဟောပြောဆွေးနွေးခဲ့ကြသည်။
အဆိုပါဟောပြောဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မအူပင်တက္ကသိုလ်မှ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)