ဓနုဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ စဥ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဓနုဖြူ ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ စဥ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်းတွင် စဉ်ဆက်ပညာရေးအကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစု ဝင်ငွေတိုးပွားရေး၊ ဘဝမြှင့်တင်မှုနည်းလမ်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်များ စသည့်ဘာသာရပ်များအား သင်ကြားပို့ချပေးမည်ဖြစ်ပြီး အဆိုပါသင်တန်းကို သင်တန်းနည်းပြဆရာ (၃၇) ဦး၊ ကြီးကြပ်(၃)ဦး၊ စာသင်ဝိုင်း (၃၇) ဝိုင်း၊ သင်တန်းသား/သူ ဆရာ၊ ဆရာမ (၅၁၆) ဦးဖြင့် ဖေဖော်ဝါရီ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်၊ မြို့နယ်ပညာရေးမှူးဦးလှဌေးနှင့် ပညာရေးဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)