မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ပထမအဆင့် ရွေးချယ်ရေးစာမေးပွဲ ကျင်းပ

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၄

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်) ပထမနှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ပထမအဆင့် ရွေးချယ်ရေးစာမေးပွဲကို အဆိုပါတက္ကသိုလ်တွင် ကျင်းပခဲ့သည်။

အဆိုပါ စာမေးပွဲတွင် နံနက် ၉ နာရီမှ ၁၁ နာရီအထိ မြန်မာစာကိုလည်းကောင်း၊ မွန်းတည့် ၁၂ နာရီမှ ၂နာရီအထိ အင်္ဂလိပ်စာကိုလည်းကောင်း၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ အထွေထွေဗဟုသုတကိုလည်းကောင်း ကျင်းပခဲ့ပြီး ဘာသာစကားဌာနအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုနေမှုများကို မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ တင့်တင့်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များနှင့် တာဝန်ရှိသူမျာက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။   

ထွန်းထွန်းနိုင်