မြစ်သားမြို့နယ် ကူမဲမြို့တွင် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း စိစစ်ကောက်ယူခြင်းများ ဆောင်ရွက်

မြစ်သား ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့တွင် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီလ (၃) ရက်နေ့က ကူမဲမြို့ အမှတ် (၁) ရပ်ကွက်တွင်  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူဦးရေစာရင်းမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြေပြင်ကွင်းဆင်းစိစစ်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုက်နယ်မှူး ဦးရဲသန့်နိုင်၊ ကူမဲမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ အမှတ်(၁)ရပ်ကွက်စာရေး ဦးညီညီဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် မြို့မိမြို့ဖများ၊ Volunteer များဖြင့် မြေပြင်ကွင်းဆင်းစာရင်း‌  ကောက်ယူဆောင်ရွက်ရာတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးရရှိစေရေးနှင့် နိုင်ငံသားကတ်ကိုင်ဆောင်သူတိုင်း အတည်ပြုစာရင်းတွင် ပါရှိစေရေးအတွက် ဆောငရွက်ရခြင်းဖြစ်သည်။ ထိုသို့ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းများကို (၂.၂.၂၀၂၅) မှ (၁၃.၂.၂၀၂၅) ထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့ထိလူဦးရေ (၈၇၃) ဦး စိစစ်‌စာရင်း‌ ကောက်ယူပြီးဖြစ်ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)