ဝမ်းတွင်း ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့မရဲစခန်း၌ မီးဘေးကြိုတင် ကာကွယ်ရေးဟောပြောခြင်းနှင့်လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ဦးစွာ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ရာ မြို့မရဲစခန်းမှူး ဒုရဲမှူးစိုးလွင်ဦးက တက်ရောက်လာသော အရာရှိအရာခံများ၊ အခြားအဆင့်တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်သည်မိသားစုဝင်များအား ပွင့်လင်းရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးမှုများကို သေချာစွာမှတ်သားပြီး လိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးဦးစိုးထွန်းက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေးဟောပြောခဲ့ပြီး ဒုတိယမီးသတ်ဦးစီးမှူး စည်သူငွေစိုးက မီးသတ်ဆေးဘူးအသုံးပြုနည်းများပြသကာ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)