မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်/ထွက် ဂိတ်များတွင် အထူးကြပ်မတ် စစ်ဆေး ဆောင်ရွက်

 

မိုင်းဆတ် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်မှတ်သားခြင်းများ အထူးကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

မြို့ဝင်၊ မြို့ထွက်ဂိတ်များမှ ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများအား ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာထောက်ခံချက်ပါရှိမှု ရှိ၊ မရှိစစ်ဆေးခြင်း၊ Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး ခရီးသွားလာခြင်း လျှော့ချရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းတို့ကိုဆောင်ရွက်လျက် ရှိသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်တို့က မြို့ဝင်၊ မြို့ထွက် ဂိတ်(၃)ဂိတ်မှ ယမန်နေ့က ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူ (၁၁၂)ဦးအား ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခဲ့ပြီး သံသယလူနာ စစ်ဆေးတွေ့ရှိခြင်းမရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးကော်မတီမှ သိရသည်။

မြင့်မောင်(ပြန်/ဆက်)