ပလောက် ဖေဖော်ဝါရီ ၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်စီနှင့် တာဝန်ရှိဆရာ/ဆရာမများ ကြီးကြပ်၍ အခြေခံပညာအထက်တန်း/ အလယ်တန်း/ မူလတန်းကျောင်းများမှ ကျောင်းသား/ သူများ ပါဝင်ယှဉ်ပြိုင်ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် (၄) ဦး၊ အလယ်တန်းဆင့် (၆) ဦး၊ မူလတန်းအဆင့် (၈) ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့် (၉) ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် (၅) ဦး၊ အလယ်တန်းအဆင့် (၆) ဦး၊ မူလတန်းအဆင့် (၈) ဦး၊ စုစုပေါင်း ပြိုင်ပွဲဝင် (၄၆) ဦးရှိကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)