ချမ်းမြသာစည် ဇန်နဝါရီ ၄
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများနှင့် ဘ/က ကျောင်းများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉:၃၀) နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အောင်ပန်းမြေကိုယ်ပိုင် အလယ်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အောင်ပန်းမြေကိုယ်ပိုင် အလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းမူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်စာပေခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊ ကျောင်းကြီးကြပ်ရေးမှူး ဦးဘဦး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းမူနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့