မိတ္ထီလာမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက် ၉နာရီ ၃၀မိနစ် အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

(၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို မိတ္ထီလာမြို့နယ်စာရေးအသင်းဥက္ကဋ္ဌ စာရေးဆရာ တင်တော်က ကျပန်းစကား ပြောပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများက “နှလုံးသားထဲကပင်လုံမြေ” “ ပြည်ထောင်စုသွေး စဉ်နွေးထွေး” “ပင်လုံသက်သေလွတ်လပ်စေ” စသည့်  ခေါင်းစဉ်များအား မဲနှိုက်၍ ကျရာခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ (၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို တက္ကသိုလ်အဆင့် ကျပန်းစကား ပြောပြိုင်ပွဲကို မိတ္ထီလာမြို့ရှိ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသားကျောင်းသူများက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)