ပန်းတနော် ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Center) ရွှေနော်သီရိခန်းမ၌ ယမန်နေ့က ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ငွေဌေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ငွေဌေးနှင့် ပညာရေးဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး သင်တန်းတွင် စဉ်ဆက်ပညာရေးအကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားရေး၊ ဘဝမြှင့်တင်မှုနှင့် ချိတ်ဆက်ရန်နည်းလမ်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်များ စသည့်ဘာသာရပ်များအား သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကို ဖေဖော်ဝါရီ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)