အိမ်မဲမြို့နယ်(အ.ထ.က) ရွာသစ်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

အိမ်မဲ ဖေဖော်ဝါရီ ၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာ (အ.ထ.က) ရွာသစ်ကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ “ကျောင်း သား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန်၊ စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေး တတ်သော အလေ့အထကောင်းများ ရရှိလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်စုမြတ်သဲတို့နှင့်အတူ Grade- 10 မှ မောင်ခန့်ညီညီက မျိုးချစ်စိတ်ဓာတ်နှင့် ယနေ့လူငယ်၊ Grade–10 မှ နန့်သွယ်ဇင်လင်းက စည်းကမ်းဟူသည်လူ့တန်ဖိုး၊ Grade -10မှ စသူထူးစံက လူငယ်နှင့်စာပေလေ့လာမှု၊ Grade – 11 မှ မနန်းကေခိုင်စိုးက ကိုယ်လက်လှုပ်ရှား အားကစား၊ Grade – 11 မှ နန့်ငွေယမင်းသူဇာက လူငယ်နှင့်စာရိတ္တခေါင်းစဥ်များဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများကလည်း အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီးမြို့နယ် ပြန်/ဆက်ဦးစီးအရာရှိက လူငယ်စကားဝိုင်း ဦးဆောင်ဆွေးနွေး ပေးသော ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး လူကုန်ကူးမှုတားဆီကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ချစ်သက်လယ်(ပြန်/ဆက်)