ပုလောမြို့ အ.ထ.က(၁) ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်းကြို သင်ယူပြီးမြောက်ခြင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ပုလော ဖေဖော်ဝါရီ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်းကြို သင်ယူပြီးမြောက်ခြင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲက နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပုလောမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမြကိုက  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပညာရည်ချွန်ဆုနှင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကာယပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်းကြို သင်ယူပြီးမြောက်သည့် ကျောင်းသား/သူ (၉၈)ဦးကို ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မူလတန်းကြိုကျောင်းသား/သူများက Toca Toca  English၊ စပါးရယ်ဝါ၊ အာဝါဟ တေးသီချင်းကို အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်းနှင့် ကျောင်းအကျိုးတော် ဆောင်များနှင့် မိဘများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)