အမရပူရ ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်၊ ရွာသာရပ်ကွက်ရှိ မိုးကောင်းဘုရားဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ရပ်ကွက်နေပြည်သူများကို ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အမရပူရခရိုင်၊ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်သာဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အမရပူရမြို့နယ်၊ မြို့နယ်ဥပဒေအရာရှိ ဦးလွန်ရန်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေပါ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး အမရပူရမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးက လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဥ်များ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ၂၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)