ပျော်ဘွယ် ဖေဖော်ဝါရီ ၄
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေး၊ ငယ်ရွယ်စဉ်မှ စတင်ကာ စာပေဖတ်ရှုတတ်စေရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ (၄) ရက်၊ နံနက် (၉) နာရီက မယ်ဇလီအိုင့်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျောင်းစာတွင်သာမက ဗဟုသုတရရှိစေမည့် စာပေများကိုလေ့လာဖတ်ရှုရန် လိုအပ်ပါကြောင်းနှင့် ငယ်ရွယ်စဉ်ကပင် ကဗျာရွတ်ဆိုခြင်း၊ ရုပ်ပြစာပေဖတ်ရှုခြင်းမှစတင် လေ့လာရမည့်စာပေများ အကြောင်းကို ကျောင်းသား၊ ကျောင်းသူများအတူ အပြန်အလှန် ရှင်းလင်းဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)