ငါးသိုင်းချောင်း ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ/ဘဲဥများ လက်ဝယ်အရောက် ရောင်းချပေးခြင်းအား ယနေ့နံနက် (၇)နာရီမှစတင်၍ မြို့မစျေးအနီးရှိ စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ/ဘဲဥများကို ဒေသခံပြည်သူများလက်ဝယ်အရောက် ရောင်းချပေးမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြံ/ဘဲခြံမွေးမြူရေးလုပ်ငန်းရှင်များ၊ အရောင်းဒိုင်များပူးပေါင်း၍ ကြက်ဥတစ်လုံး (၃၈၀)ကျပ်ဖြင့် အလုံး (၆၀၀)အား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)