မိုင်းတုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများ စစ်‌ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

မိုင်းတုံ ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းထွေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်နှင့်ပူး‌ပေါင်း၍ မိုင်းတုံမြို့ပေါ်ရှိ ဈေးဆိုင်များသို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်စနစ်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌နိုင်ရန် ဈေးဆိုင်တစ်ဆိုင်တွင် ထားရှိရမည့် ဆောင်ရန်ရှောင်ရန်ပစ္စည်းများနှင့် မီးသုံးစွဲမှုပုံစံ၊ မီး‌ကြိုးများကောင်းမွန်မှုရှိမရှိ၊ ပလပ်ခုံများကောင်းမကောင်း အစရှိသည်တို့ကို စစ်‌ဆေးခြင်းနှင့် မီးဘေးအန္တရာယ် သတိပြုကာကွယ်နိုင်ရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်နေခြင်းသည် နွေရာသီရောက်တော့မှာဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားခြင်းသည် တစ်ဦးတစ်ရောက်ချင်းတွင် တာဝန်ရှိကြောင်း  မိမိတို့ပိုင်ဆိုင်သည့် အဆောက်အဦးများ၊ ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရန်၊ မိမိကိုယ်တိုင် မီးဘေးအန္တရာယ်မှ ကာကွယ်ရမည့်နည်းလမ်းများ‌ သိရှိစေရန်ရည်ရွယ်၍  မီးဘေးရှောင် မလောင်ခင်တားဆိုသည့်အတိုင်း မဖြစ်ခင်က ကြိုတင်စီမံထားပါက ဆုံးရှုံးမှုနည်းပါးနိုင်ခြင်း၊ မီးလောင်လျှင် ကြိတ်မငြိမ်းပဲ ပတ်ဝန်းကျင်ကိုအကူညီတောင်းပါ၊ ကျွန်‌‌တော်တို့ မီးသတ်စခန်းကို အမြန်ဆုံးဆက်သွယ်အ‌ကြောင်းကြားပါ၊ မီးဘေးဆိုတာသည် လူပြုလုပ်တဲ့ ဘေးတစ်ခုပင်ဖြစ်တဲ့ သဘာဝဘေးလည်းဖြစ်ကြောင်း၊ လူသားအရင်းအမြစ်နှင့် သဘာဝဘေးအရင်းအမြစ်အားလုံးကို ဖျက်ဆီးပစ်နိုင်သော ဘေးဆိုးတစ်ခုဖြစ်ခြင်းကြောင့် မီးဘေးအန္တရာယ်ကာကွယ်ရေးနည်းလမ်းများသည် လူတိုင်းအပေါ်တာဝန်ရှိသည်ကို သိရှိထားရန်လိုအပ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးမင်းမင်း‌ထွေးက အကျယ်တစ်ဝန်း ရှင်းလင်းပြီးနောက် မီးသတ်ဆေးဘူးများ ကောင်းမကောင်းစစ်ဆေးပြီး၊ မကောင်းသည့်ဆိုင်များကို အသစ်ပြန်လည် အသုံးပြုရန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)