မိတ္ထီလာမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေးရှင်းလင်းပွဲကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေး ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးရှင်းလင်းပွဲအခမ်းအနားတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဇော်တင်မိုးက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။ ထိုနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့  အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းထွန်းက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းနွေးပြီး ခရိုင်ဥပဒေအရာရှိ ဦးအောင်ဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ အသိပညာပေးရှင်းလင်းပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ ကျေး စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းသာ