ပန်းတနော် ဇန်နဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ပြီး ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ အင်းမကျေးရွာရှိ မြတ်စက်သုံးဆီ အရောင်းဆိုင်နှင့် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မီးဘေးလုံခြုံရေး စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မီးလောင်မှု၊ မီးလန့်မှုများဖြစ်ပွားပေါ်ပေါက်ခြင်းမရှိစေရေးနှင့် ဖြစ်ပွားခဲ့ပါကလည်း ဆုံးရှုံးမှုတန်ဖိုးအနည်းဆုံးဖြစ်စေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဒုမီးသတ်ဦးစီးမှူး ဦးဇေဇေအောင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးငြိမ်းဝေဖြိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် နိုင်ဇင်လင်းထက်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးပြည့်ဖြိုးပိုင်၊ ဝန်ထမ်းများနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဦးတင်ထက်ကိုကိုအောင်တို့မှ လိုက်လံစစ်ဆေး အကြံပြုခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)