ငပုတော ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြတ်မော်တင်စွန်းတစ်ဖက်ကမ်း၊ ပြင်ခရိုင်ကျေးရွာအုပ်စုတွင် နိုင်ငံကျော် ဓမ္မကထိ “ရှင်ဥတ္တမကျော်”၏ ဥပနိဿျအတိုင်း သင်ကြာပို့ချဖွင့်လှစ်လျက်ရှိသော “ရွှေအင်ကြင်းဓမ္မကထိကသင်တန်းကြီး” သင်ခန်းစာများ ဆက်လက်ပို့ချလျက်ရှိကြောင်း သိရသည်။
ဗုဒ္ဓသာသနာတော် စည်ပင်ပြန့်ပွားရေးနှင့် သာသနာ့ဓဇဓမ္မကထိကများ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ အဆိုပါသင်တန်းကြီးကို ဖွင့်လှစ်ခြင်းဖြစ်ပြီး နိုင်ငံကျော် ဓမ္မကထိက ဆရာတော် “ရှင်ဥတ္တမကျော်”၏ ဥပနိဿျအတိုင်း ဓမ္မကထိက ဆရာတော်များက စာသင်သား သံဃာတော် အရှင်သူမြတ် အပါး(၂၅)ပါးတို့အား နေ့စဉ် နံနက် (၇)နာရီမှ ညနေ (၄)နာရီအထိ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)