မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မဟာဆောင်ခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးဇော်က စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်း၌ စဉ်ဆက်ပညာရေးအကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားရေး၊ ဘဝမြှင့်တင်မှုနည်းလမ်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်များစသည့် ဘာသာရပ်များ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမ(၁၂၅၉)ဦးအား သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၈၉)ဦး၊ ကြီးကြပ်ဆရာ၊ ဆရာမ(၂)ဦး၊ စာသင်ဝိုင်း (၈၄)ဝိုင်းဖြင့် ဖေဖော်ဝါရီလ (၃)ရက်နေ့မှ (၆)ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမင်းမင်းသိန်းနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)