ပြည်ကြီးမဏ္ဍိုင်မြို့တွင် (KG) ကျောင်းသား/ သူများအား အာဟာရဖွံ့ဖြိုးရေးအတွက် စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်းဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင် ဖေဖော်ဝါရီ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးနှင့်အာဟာရဖွံ့ဖြိုးတိုးတက်ရေးအတွက် (KG)တန်း ကျောင်းသား/ သူများအား အာဟာရပြည့်ဝသော စားသောက်ဖွယ်ရာများကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁နာရီ ခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အာဟာရကျွေးမွေးဆောင်ရွက်ခြင်းကို အခြေခံပညာအထက်တန်းကျောင်းရှိ (KG) တန်း ကျောင်းသား/ သူကလေးငယ်များအား အာဟာရပြည့်ဝစွာရရှိရေး၊ ဦးနှောက်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် မှတ်ဉာဏ်များကောင်းမွန်စေရေးအတွက် အာဟာရပြည့်ဝသော စားသောက်ဖွယ်ရာများကို ကျွေးမွေးခြင်းဖြစ်ရာ အဆိုပါကျွေးမွေးပွဲသို့  မြို့အုပ်ချုပ်ရေးမှူး၊ မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ ဆရာမများက လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)