ဘိုကလေး ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများဖြစ်ကြသော မြို့မဈေးကြီးနှင့် အောင်သပြေဈေးတို့အား မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများပူးပေါင်းကာ ယနေ့နေ့လယ်(၁)နာရီအချိန်၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဈေးသူ/ဈေးသားများအား မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ မီးဘေးလုံခြုံရေးအတွက် လိုအပ်သည့် စစ်ဆေးမှုများအား ဆောင်ရွက်ခြင်း၊ မီးဘေးကာကွယ်တားဆီးနိုင်ရေးအတွက် လိုက်နာရမည့်အချက်များနှင့် ရှောင်ကျဉ်ရမည့်အချက်များအား အသိပညာပေး မှာကြားခြင်းတို့ဆောင်ရွက်ပြီး ဈေးအတွင်း၌ လျှပ်စစ်သွယ်တန်းသုံးစွဲမှုအခြေအနေများ၊ မီးသုံးစွဲမှုအခြေအနေများ၊ မီးဘေးတားဆီးကာကွယ်ရေးပစ္စည်းများ ထားသိုသုံးစွဲမှု အခြေအနေများ စစ်ဆေးကာ လိုအပ်သည်များအား လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး မှာကြားခဲ့ကြကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)