ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (KG) ကျောင်းသား/ သူများအား အာဟာရဖွံ့ဖြိုးတိုးတက်ရေး စား‌သောက်ဖွယ်ရာများ ကျွေးမွေးခြင်း ဆောင်ရွက်

ကရသူရိ ဖေဖော်ဝါရီ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (KG) ကျောင်းသား/ သူများအား အာဟာရဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာသန်စွမ်းရေးအတွက် အဟာရပြည့်ဝသော စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁နာရီက ကျွေးမွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျွေးမွေးဆောင်ရွက်ခြင်းကို မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (KG) ကျောင်းသား/ သူကလေးငယ်များ အာဟာရပြည့်ဝစွာရရှိရေး၊  ဦးနှောက်နှင့်ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် မှတ်ဉာဏ်များ ကောင်းမွန်စေရေးအတွက် အဟာရပြည့်ဝသော စားသောက်ဖွယ်ရာများကို ကျွေး‌မွေးခြင်းဖြစ်ရာ အဆိုပါကျွေးမွေးရာသို့ မြို့အုပ်ချုပ်ရေးမှူးနှင့်ကျောင်းအုပ် ဆရာကြီး၊ တိုက်နယ်တာဝန်ခံဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ ဆရာများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)