ပျဉ်းမနားမြို့နယ်၌ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ပျဉ်းမနား ဖေဖော်ဝါရီ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။

ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွာနာ၊ လျှာနာ ရောဂါဟာ ကျွဲ၊ နွားတွေမှာ ရာသီမရွေးဖြစ်ပွားလေ့ရှိတဲ့အတွက် လယ်ယာလုပ်ငန်းခွင်ကို ထိခိုက်စေတဲ့အတွက် မြို့နယ်အတွင်း ကျေးရွာတွေမှာရှိတဲ့ ကျွဲ၊ နွား များကို ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် လဲလူးအိုင်ကျးရွာ အုပ်စုအတွင်းရှိ နွား (၁၁၀) ကောင်အား ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)