အမာ ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ KGတန်း ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယနေ့နေ့လယ် ၁၂ နာရီခွဲအချိန် ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့အာဟာရကျွေးမွေးခြင်းကို ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုး တိုးတက်စေရေး အစီအစဉ်ဖြင့် KG တန်း ကျောင်းသား၊ ကျောင်းသူများကို ကျွေးမွေးခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းနှင့်ဆရာမများက ကြက်ဉနှင့် ခေါက်ဆွဲပြုတ်များကို ပြင်ဆင်ချက်ပြုတ်ကျွေးမွေးခဲ့ကြောင်းနှင့် အဆိုပါ အာဟာရ ကျွေးမွေးခြင်းကို ယခုဒုတိယအကြိမ် ကျွေးမွေးခြင်းဖြစ်ပြီး စုစုပေါင်း(၃)ကြိမ် ကျွေးမွေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
အမာ(ပြန်/ဆက်)