ကျောက်မဲမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းများ ဆောင်ရွက်

ကျောက်မဲ ဒီဇင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင်  အသက် တစ်နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ Social Distancing နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆေးထိုး၊ ဆေးတိုက်လုပ်ငန်းတွင်  အသက်တစ်နှစ်အောက်ကလေးများအား ဘီစီဂျီ၊ အသဲရောင်အသားဝါ(ဘီ) ပြင်းထန်အဆုတ်ရောင်(ပီစီပီ) ဦးနှောက်အမြှေးရောင် (၅မျိုးစပ်ဆေး)  ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ပိုလီယို၊ ဝက်သက်နှင့် ဂျိုက်သိုး အစရှိသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များကို မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ကျောက်မဲမြို့ပေါ်ရှိ ရပ်ကွက်()ရပ်ကွက်မှ  ကလေးငယ်(၃၅၀)ကျော်ခန့်ကို ဒီဇင်ဘာ() ရက် အထိ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)