ချမ်းမြသာစည် ဖေဖော်ဝါရီ ၄
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” များကို အခြေခံပညာအထက်တန်းကျောင်းများ၊ကိုယ်ပိုင် ကျောင်းများနှင့် ဘ/က ကျောင်းများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကို အောင်ပန်းမြေကိုယ်ပိုင် အလယ်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အောင်ပန်းမြေကိုယ်ပိုင် အလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းမူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက “လူငယ်နှင့်ကိုယ်ကျင့်တရား”၊”လူငယ်နှင့်စာပေ” ခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့်ဝန်ထမ်းများ၊ ကျောင်းကြီးကြပ်ရေးမှူး ဦးဘဦး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းမူနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့