ရပ်စောက် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် (Pfiizer) ကာကွယ်ဆေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းပပ၊ ကျန်းမာရေးမှူးအဆင့်(၁) ဒေါက်တာမြို့ဇော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကုသရေး)မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာပိုင်စိုးမိုးတို့က ဦးဆောင်ကြီးကြပ်၍ ဌာနဆိုင်ရာဝန်ထမ်းများကို နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအချိန်အတွင်း ကျန်းမာရေးစစ်ဆေးမှုများ ဦးစွာပြုလုပ်ပေးပြီး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Pfizer) ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၁၁ ရက်နေ့အထိ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သု့ကျန်းမာရေးဦးစီးဌာနမှူးထံမှ သိရှိရသည်။
မြို့နယ်ပြန်/ဆက်