ဇေယျာသီရိမြို့နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ကျေးလက်လမ်းလုပ်ငန်းများ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်း

ဇေယျာသီရိ ဖေဖော်ဝါရီ ၅            

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့် လမ်းများပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းခွင်များသို့ ယမန်နေ့မွန်းလွဲပိုင်းက  တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးမှ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်တာဝန်ခံအင်ဂျင်နီယာများနှင့်အတူ လမ်းပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ အချိန်မီပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ထွန်းလင်း(ဇေယျာမြေ)