တပ်ကုန်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အမျိုးသားဘောလုံး အားကစားပြိုင်ပွဲတွင် ဘုရင့်နောင်ရပ်ကွက်အသင်းမှ ကစားသမားတစ်ဦး အကောင်းဆုံးဆုရရှိ

တပ်ကုန်း ဖေဖော်ဝါရီ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲကျင်းပ ယှဉ်ပြိုင်လျက်ရှိရာ ဘုရင့်နောင်ရပ်ကွက်အသင်းနှင့် မြဝတီရပ်ကွက်အသင်းတို့ ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၃ နာရီခွဲက မြို့နယ်အားကစားကွင်းတွင်  ယှဉ်ပြိုင်ကစားခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဘုရင့်နောင်ရပ်ကွက်အသင်းက မြဝတီရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဂိုး၊ တစ်ဂိုးဖြင့် သရေကျခဲ့ပြီး၊ ဘုရင့်နောင်ရပ်ကွက် အသင်းနှင့်မြဝတီရပ်ကွက်အသင်းယှဉ်ပြိုင်ပွဲ တစ်လျှောက်လုံး အကောင်းဆုံး အားကစားသမားဆုကို ဘုရင့်နောင်ရပ်ကွက်အသင်းမှ ကျောနံပါတ် ၇၊ အလယ်တန်း၊ အားကစားသမား မောင်ဖုန်းဇေယျာကရရှိခဲ့ပြီး၊  ဆုတံဆိပ်အား ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဝင်တစ်ဦးက  ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်