ပုသိမ်ကြီးမြို့နယ် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတား(၁)စင်း တည်ဆောက်ပြီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပုသိမ်ကြီး ဖေဖေါ်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချော- ဆည်တော်-ဂိုက်တန်းလမ်းပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ကမ်းကပ်ခုံနှစ်ဘက်ကျိုးကျ ပျက်စီးသွားသည့် ပေ(၄၀)အရှည်ရှိ ကွန်ကရစ်တံတားနေရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (မူလ)ရန်ပုံငွေ ကျပ် (၂၆၄.၀၀) သန်းဖြင့် (၁၈.၂၉) မီတာအရှည်ကွန်ကရစ်တံတား(၁)စင်းပြန်လည် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။

အဆိုပါတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအပေါ် ဖေဖော်ဝါရီလ(၃)ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် အမရပူရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးရဲလွင်တို့သည် ပုသိမ်ကြီးမြို့နယ် ဒေါ်မိုးခိုင် (ဦးစီးအရာရှိ(မြို့ပြ) လိုက်ပါလျက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)