မိတ္ထီလာမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိကိုင်ဆောင်စေရေး မြေပြင်ကွင်းဆင်း ဆောင်ရွက်

မိတ္ထီလာ ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူ အားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်စေရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ရက်နေ့မှ စတင်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍  အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူ အားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်စေရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်ထောင်စု အမှတ်စဉ်နှင့် မိသားစုအမှတ်စဉ်များကို  နေရပ်လိပ်စာအတိုင်း အစီအစဉ်တကျ ဖြည့်သွင်းခြင်း၊ မြေပြင်တွင် နေထိုင်မှု ရှိမရှိ စိစစ်ခြင်း၊ သေဆုံးစာရင်းများ အတည်ပြုခြင်း၊ စာရင်းတွင် ပါဝင်သော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများကို စိစစ်ခြင်း၊ စာရင်း၌ မပါဝင်ဘဲ မည့်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်း မရှိသောသူများနှင့် အိမ်ထောင်စုစာရင်း မရှိသူများအား ပန်းခင်းစီမံချက် အဆင့်(၃)အရ အိမ်ထောင်စုစာရင်း ထုတ်ပေးရန်နှင့် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ထုတ်ပေးရန်အတွက် စာရင်းကောက်ယူခြင်းများကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)