ကွန်ဟိန်း ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ အခြေခံပညာ မူလတန်းကျောင်း(နမ့်ကုန်)၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-(၃) ဒေါ်ထွေးထွေးခိုင်မှ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ကျောင်းသား/ ကျောင်းသူများ သိရှိစေရန်နှင့် လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုအသိပညာပေး ဟောပြောခဲ့သည်။
ထိုနောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒေါ်မြတ်မွန်ဖြိုးက ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရန် လူငယ်နှင့်အားကစားအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအတွက် ဘောလုံးလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် စာအုပ်စာစောင်များကို ဖတ်ရှုခြင်းများဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)