မယ်စဲ့မြို့နယ်တွင် Quarantine ဝင်ရောက်နေသူ(၅)ဦးအား ကျန်းမာရေးထောက်ခံချက်ထုတ်ပေး

မယ်စဲ့ ဒီဇင်ဘာ ၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Quarantine Centre များ ဖွင့်လှစ်၍ ပြည်တွင်း/ပြည်ပ ပြန်လည်ဝင်ရောက်လာသူများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ခဲ့ရာ ယမန်နေ့ နံနက် ၁၀ နာရီက ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ သတ်မှတ်ချက်များ ပြည့်မီသူ အမျိုးသား(၅)ဦးအား ကျန်းမာရေးထောက်ခံချက် များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

၎င်းအမျိုးသား(၅)ဦးမှာ ရဲတပ်သားသင်တန်း တက်ရောက်ပြီး၍ မိမိကျရာနေရာတွင် တာဝန်ထမ်းဆောင်ရန် ရောက်လာသူများ ဖြစ်ပြီး Quarantine Centre ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ခဲ့ရာ (၁၃)ရက် ပြည့်မြောက်ခြင်းနှင့်အတူ ၎င်းရဲတပ်သား သစ်များ၏ Swab နာမူနာကို တောင်ကြီးကျန်းမာရေးဌာနခွဲသို့ ပေးပို့စစ်ဆေးခဲ့ရာ Negative အဖြေရရှိသဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဝင်းက ကျန်းမာရေးထောက်ခံချက်များ ပေးအပ်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေအိမ်တွင် ၇ ရက် အသွားအလာကန့်သတ်၍ နေထိုင်ရန် မှာကြားခဲ့ကြောင်း သိရ သည်။

စိုင်းလျှမ်း(ပြန်/ဆက်)