ဘိုကလေးမြို့နယ်တွင်  လူငယ်စကားဝိုင်းကျင်းပ

ဘိုကလေး ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ယမန်နေ့နေ့လယ်()နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စကားဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဘိုကလေးမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ များ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က အထက်တန်း ကျောင်းသား/သူ လူငယ်မောင်မယ်များနှင့်အတူလူငယ်နှင့်စာပေ၊ လူငယ်နှင့် ယဉ်ကျေးမှုူ၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် နည်းပညာစသော ခေါင်းစဉ်များဖြင့် လူငယ်များအတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ၊ လေ့လာမှတ်သားစရာများအား မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုများအပေါ် စကားဝိုင်းတက်ရောက်ကြသော ကျောင်းသား/သူ လူငယ်မောင်မယ်များက မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။

စကားဝိုင်းအပြီးတွင် ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကဏ္ဍစုံ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ ကဏ္ဍစုံ စာအုပ် စာပေများအား ချိတ်ဆွဲခင်းကျင်းပြသခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)