ချမ်းအေးသာစံ ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ မွန်းလွဲပိုင်းက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်ရွက်မည့် ၂၁ ကြိမ်မြောက် မြို့တော် ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးပန်းမန်ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြပွဲ၊ ပြိုင်ပွဲကျင်းပမည့် ချမ်းမြသာစည်မြို့နယ်ရှိ ဆင်ဖြူကန်ကွင်းသို့ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးကျော်ဆန်းက ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားအတွက် ဆန်းသစ်သည့် မြေယာရှုခင်းပုံစံ များ၊ ပြည်တွင်းပြည်ပ ပန်းမျိုးများ သစ်ပင်၊ ပန်းပင်၊ အလှပင်များ စိုက်ပျိုးပြင်ဆင်ထားမှု၊ မျက်စိပဒသရှိအောင် ရောင်စုံစိုက်ပျိုးထားရှိမှု၊ အလှအပဓာတ်ပုံများရိုက်ကူးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှု၊ ပြခန်းများတည်ဆောက်ထားမှုများကို လိုက်ပါရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်