ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်စာစစ်ဌာန စာသင်ကျောင်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနစာသင်ကျောင်းများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့နံနက်က လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်၍ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့များက မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနစာသင်ကျောင်းများသို့ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ စာသင်ကျောင်းဆောင်များ၊ ဝန်ထမ်းအိမ်ယာများအား မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စစ်အသုံးပြုလျှင် ဂရုစိုက်ဆောင်ရွက်ရမည့် အချက်များနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိမှုများစသည်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများအား ဆွေးနွေးမှာကြား၍ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)