ငပုတောမြို့နယ်၌ အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ)အကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်

ငပုတော ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ)အကြိမ် ကျောင်းတွင်း‌အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် (အ.လ.က‌)ရွှေမြကွင်း‌ကျောင်း၊ (အ.မ.က-၁)မူလွန်ကျောင်း၊ (အ.မ.က-၂) ကျောင်း၊ (အ.မ.က-၃)ကျောင်းနှင့် (အ.မ.က-၄)ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲလင်းထွန်း၊ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြတ်ဟိန်းထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ‌ဒေါ်စိုးစန္ဒာလွှင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်မိုးမိုးအေး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များက  သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း (ဒုတိယ)အကြိမ် အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို တစ်ပြိုင် တည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၆၉)ဦးအား ဇန်နဝါရီလတွင် ပထမအကြိမ်နှင့် ဖေဖော်ဝါရီ လတွင် ဒုတိယအကြိမ် စုစုပေါင်း (၂)ကြိမ် ကျောင်းတွင်းအာဟာရကျွေး‌မွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

မြို့နယ်(ပြန် /ဆက်)