လဲချား ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ဖွင့်လှစ်ထားရှိသော Quarantine Centre ၌ ဝင်ရောက်နေသူများ အား ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိကို ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)သို့ပေးပို့စစ်ဆေးခဲ့ရာ အသက် (၁၈)နှစ်အရွယ် အမျိုးသမီးနှစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ) ရကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာမှာ လဲချားမြို့၊ ရပ်ကွက်(၄)တွင် နေထိုင်သူ အသက်(၁၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် ပင်လုံမြို့ နောင်ပလူးကျေးရွာနေ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်မှ ပြန်လာခဲ့သည်။ ၎င်းတို့အား အထကလဲချားကျောင်းတွင် Facility Quarantine ထားရှိခဲ့ပြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)သို့ ပေးပို့စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသဖြင့် ရောဂါပိုး တွေ့ရှိသူ အမျိုးသမီးနှစ်ဦးအား လဲချားမြို့နယ် ကျန်းမာရေး ဦးစီးဌာန သီးသန့်လူနာဆောင်တွင် ပြောင်းရွေ့စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိကြောင်းနှင့် လက်ရှိကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)