ပုသိမ် ဖေဖော်ဝါရီ ၅
၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်က “၁၃၈၆ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းများကို ပြိုင်ပွဲကျင်းပမည့်ရက်မတိုင်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပမည့်ကွင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ဧည့်သည်များအတွက် နေရာထိုင်ခင်းများ စနစ်တကျ စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ထမနဲထိုးရာတွင် အသုံးပြုသည့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်စေရေး၊ ပြိုင်ပွဲဝင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်စေရေးနှင့် ဝတ်စားဆင်ယင်မှုများ စနစ်တကျရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒိုင်အဖွဲ့ဝင်များကလည်း အမှတ်ပေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ အမှတ်ပေးရန်လိုပါကြောင်း၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာကြသူများကလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက်လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊ ပြိုင်ပွဲကျင်းပရေးနှင့် ဆုချီးမြှင့်ရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့် လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများအား ကဏ္ဍတစ်ခုချင်းစီအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)