မဟာအောင်မြေမြို့နယ်၊မြတောင်ကျောင်းတိုက်၌ အဋ္ဌမအကြိမ် မြို့နယ်သံဃနာယကအဖွဲ့အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းနှင့် မြို့နယ် သံဃဝန်ဆောင် အစည်းအဝေးအားကျင်းပ

မဟာအောင်မြေ ဖေဖော်ဝါရီ ၅

မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်၊ မြတောင်ကျောင်းတိုက်အတွင်းရှိ ခေမာဝင်းကျောင်းတိုက်တွင် အဋ္ဌမအကြိမ် မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းနှင့် မြို့နယ်သံဃဝန်ဆောင် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းသံဃနာယကဥက္ကဋ္ဌ ဆရာတော်အရှင်တက္ခိန္ဒြိယာ ဘိဝံသ၊ တိုင်းဒုဥက္ကဋ္ဌ ဆရာတော် အရှင်ပညေသိက၊ မြတောင်ဝန်ဆောင် ဆရာတော် အရှင်ပညာ သာမိဘိဝံသ ဆရာတော်ကြီးများ ကြီးကြပ်၍ မြို့နယ်သံဃနာယကအဖွဲ့ ဝင်ဆရာတော် (၂၅) ပါး၊ ၈၄.၂၁ ရာခိုင်နှုန်း ကြွရောက်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၊ အဖွဲ့ဝင် (၂)ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်(၃) ဦးကောင်းမြတ်ကျော်၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးမျိုးသူရ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့​ပြီး ဆရာတော်ကြီးများ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဒုဥက္ကဋ္ဌ ဆရာတော် ဦးပညာသာမိဘိဝံသ(မစိုးရိမ်တိုက်) ဆရာတော်နှင့် အကျိုးတော်ဆောင် ဆရာတော် ဦးသုဓမ္မာနန္ဒာဘိဝံသ(မစိုးရိမ်တိုက်သစ်)ဆရာတော်နှစ်ပါးတို့မှ မြို့နယ်သံဃနာယကအဖွဲ့မှ အနားယူပြီး၊ ဆရာတော်ကြီးများ၏ အဆိုတင်သွင်းချက် အတည်ပြုချက်များအရ မစိုးရိမ်တိုက်သစ် ဓမ္မဌာနကျောင်းဆရာတော် အရှင်သုဓမ္မာနန္ဒာဘိဝံသအား အကျိုးဆောင် ဆရာတော်အဖြစ်လည်းကောင်း ပေါင်းလဲတိုက်၊ ခေါင်ဘိုကျောင်း ဆရာတော် ဦးဝါယမအား ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း အစားထိုး အတည်ပြုရွေးချယ် တင်မြှောက်ခဲ့ပါကြောင်း သိရသည်။

အောင်ဇော်မင်း